နေခြည်ဖြာမေတ္တာ
လယ်ကွင်းပြင်မှာ
ဝါးအိမ်ငယ်လေးယိမ်းလို့ယိုင်
လေစွယ်ကချီသေး
မိုးကလည်းစို
ခွက်ကလေးကခံ
ဟိုတကွက်ဒီတကွက်
စိုစက်စက်နှင့်
ချိုးလှည့်ရေစီး….
မနိုင်မနင်းရယ်နှင့်
မကြည်သာဖြစ်နေချိန်မှာ
သဲညှာတို့အော်ကြ
မာတာရယ်မနေနိုင်
ရွှေရင်မှာထွေးကြရှာ
နွေးလွန်းတဲ့မေတ္တာ
နေရောင်ကခရရှာ
မိုးသည်းလည်းရိပ်
ငိုသံလည်းတိတ်…….
ရင်ထဲကစန္ဒ္ဒာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မာတာရယ်မနေနိုင် ဆိုတာ ဘာကိုပြောတာလဲဟင်
နောက်တစ်ခုက နေရောင်ကခရရှာ ဒါကရော သိပ်နားမလည်လို့