စိတ်ဖတ်ခြင်း
ရိုးရှင်းပေမဲ့
တုံးတိမဟုတ်ဘူး။
ယုံလွယ်ပေမဲ့
ကဲခတ်မညံ့ဘူး။
ပျော့ပြောင်းပေမဲ့
ဖော့ဖယောင်းမဟုတ်ဘူး။
အမာသားပေမဲ့
သစ်ရိုင်းမဟုတ်ဘူး။
ပြတ်သားပေမယ့်
သံယောဇဉ်မဲ့မဟုတ်ဘူး။
မိန်းကလေးပေမဲ့
မိန်းမ မဆန်ဘူး။
အပြောင်းအလဲပေမယ့်
ဂယောက်ဂယက်နဲ့ ထွေမနေဘူး။
ဒါပေမယ့် တွေနဲ့
မဟုတ်ဘူးမဟုတ်ဘူး
………….
.ဘ၀.က ဒါပေမယ့် ပြန်ဖျက်ရတဲ့
သင်ပုန်းကြီးလဲ မဟုတ်ပြန်ဘူး။ ။
@ deactive(17.7.2013)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service