ချမ်းလို့ သေသွားတဲ့ မသာ
ပျော်ပွဲရွှင်ပွဲတွေ များနေတော့ ငါရယ်မောခဲ့ရပါတယ်။
မိခြမ်းရေ……
အဲ့ရယ်သံတွေတိတ်ဆိတ်သွားအောင်ငါပဲလုပ်ခဲ့မိပြန်တယ်။
အာရုံနောက်လို့ကိုယ့်လမ်းကိုယ်ရှာပြီးသုတ်ချင်ပေမဲ့
အကြောင်းပြချင်မခိုင်လုံဘဲ ငါ…နင့်နဲ့ အတူရှိချင်စိတ်တစ်ခုနဲ့
ကိုယ့်အတ္တကိုကိုယ်ချနင်းခဲ့မိတာ အမှားဖြစ်သွားရတယ်။
ဘယ်တတ်နိုင်မလဲ မိခြမ်းရေ…..
တစ်ကိုယ်တော်ရွက်လွှင့်တတ်ဖို့ ဘ၀တစ်လျှောက် မျှော်လင့်တဲ့ငါ
အများနဲ့ တစ်ယောက်မှာ စည်းအပြင်ကလူ ဖြစ်ရတာ တန်တယ်။
အစက သာသာယာယာ ရှော်ကွက်နင်းမလို့…..
အစက သာသာယာယာ အညိုရောင်သမ်းနေတဲ့ ကောင်းကင်ကြီးကိုငေးနေမလို့
အစက ညင်ညင်သာသာ နင့်အကြည့်တွေကို ဖတ်ကြည့်နေမလို့……
အစက ရူးရူးမူးမူး နင့်အပြုံးတွေကို နမ်းရှိုက်မလို့…..
နင်မှမကြိုက်ဘဲ ငါဘယ်တတ်နိုင်ပါမလဲ..။
မိခြမ်းရေ……
ငါတွေးမိပါတယ်…
ငါသိသလိုရှိပါတယ်..။
ငါရွေးချယ်ဖို့ ကောင်းပါတယ်။
ဒါပေမဲ့…
ငါ့စေတနာတစ်ပိုင်းတစ်စ.ထည့်ထားတဲ့
ငါနင့်အတွက် သီးသန့်ဖန်တီးပေးတဲ့ လေထဲကအိမ်လေး
ဖြတ်တိုက်လာတဲ့ လေပြည်အေးစက်စက်ထဲ သွန်မှောက်ခဲ့တဲ့နင်
ပြောပါသေးတယ်….
“ငါတကယ်လေထဲကအိမ် ကိုစိတ်မ၀င်စားဘူးတဲ့” (မကြိုက်ဘူးတဲ့)
အဟက်…..
ငါဘယ်လိုကြေကွဲပြရင်ကောင်းမလဲတောင်မသိခဲ့တော့ဘူး။
မိခြမ်းရေ…
ဇာတ်ညွှန်းက မူးလေကောင်းလေ….
ကွဲလေကောင်းလေ..ဆိုတော့လည်း…
ဇာတ်မနာရလေအောင် ငါ
ရှော်ကွက်နင်းမနေခဲ့တော့ဘူး..။
အညိုရောင်သမ်းနေတဲ့ ကောင်းကင်ကြီးကိုလည်း ငေးကြည့်ဖို့ စိတ်မပါတော့ဘူး။
နင်တောက်ရွှေ့ ပြီးသွားပြီးဆိုတော့လည်း
နင့်အကြည့်တွေကို ရင်မဆိုင်နိုင်တော့ဘူး..။
ငါမြတ်နိုးတဲ့ နင့်အပြုံးတွေကို ခူးဆွတ်ဖို့ အားမရှိတော့ဘူး။
မိခြမ်းရေ….
နင်သိလား.
နှုတ်ဆက်ရမှာသနားတယ်ဆိုလည်း
မနှုတ်ဆက်ခဲ့နဲ့ပေါ့….
အခုတော့ အသံတွေပဲ့တင်ထပ်နေတဲ့နှလုံးသားတေးက
ဟင့်ဟင့် သနားလို့
ဟင့်ဟင့် သနားလို့တေးကို စည်းချက်လိုက်နေတော့
ထင်သာမြင်သာရှိလာခဲ့ပါတယ်။
နင်နဲ့ ငါ မတန်ဘူးဆိုတဲ့ အကြောင်း.(ခဏခဏ နှလုံးသွင်းပေမဲ့ ငါထင်ခဲ့တာ
အချစ်စစ်တစ်ခုမှာ အချစ်စစ်ပဲပြန်ရမှာပေါ့လို့)
နင်တကယ်လိုအပ်တဲ့သူဟာ အနားမှာရှိနေတယ်ဆိုတဲ့အကြောင်း
( မနာလိုခြင်း မပါဘဲ)
ငါ့အချစ်မှာ မာနမရှိဘူးဆိုတာ မှားနေတဲ့အကြောင်း
(အစကတော့မရှိဘူး…အရှုံးပေးထားတာတောင်ထပ်ရှုံးခိုင်းနေတဲ့ အချစ်နိဒါန်းတစ်ခုကြောင့်)
ညံဖျင်းမှုတစ်ခုအနေနဲ့
ငါအချမ်းလွန်ပြီးသေသွားတာ မှားလား..
အဲ့လိုနဲ့
နင်ဖြေမှပဲ အစကနေပြန်ငါအသက်သွင်းတော့မယ်…။
မိခြမ်းရေ…..။
အဖြစ်အပျက်လေးတစ်ခုပါပဲ……..
ဟင့်ဟင့် သနားလို့ ဆိုတဲ့ နင်လာနှိုးမှာကိုစောင့်မျှော်နေတဲ့
ချမ်းလို့သေသွားတဲ့….မသာ။
Comment #1
aww awww read thar pa dal….