“ငါသည်သာ ငါ့ကိုးကွယ်ရာ”
မျှော်လင့်ချက်တွေ ကွယ်ပျောက်ပြီ
ခံစားချက်တွေ ပြယ်လွင့်ပြီ
ဘ၀တခုလုံးရေစုန်မှာမျောနေပြီ
ရှူံးနိမ့်ခြင်းအရသာ သိခဲ့ပြီ
အောင်မြင်မှုတွေ ဝေးခဲ့ပြီ
သိနေလျက်နဲ့ မိုက်ခဲ့သည်
ဘယ်သူမှားမှား ပြင်မရပြီ
နောင်တကိုသာ ထွေးပိုက်ပြီ
အမုန်းတရား များခဲ့သည်
ကတိတွေလည်း ထားခဲ့ပြီ
သစ္စာတရား ဖောက်ခဲ့ပြီ
ခွဲခွာခြင်းနဲ့ အဆုံးသတ်သည်
မပြည့်စုံသော ဇာတ်ညွှန်း
မထားသင့်တဲ့ ဇာတ်ကောင်
မလှပနိုင်သော ဇာတ်သိမ်း
မရိုက်သင့်တဲ့ ဇာတ်လမ်း
ပေးဆပ်ခြင်းနဲ့ အဆုံးသတ်
သိလိုက်ရတဲ့ ဘ၀အဓိပ္ပါယ်
“ငါသည်သာ ငါ့ကိုးကွယ်ရာ”……………..(GIPSY)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service