ချင်းတွင်းမြစ်နဲ့ သက်ဆိုင်ခဲ့ကြသူများ
အချစ်ရေ….
ဒီတစ်ညတော့ငါတို့ကို
လွမ်းခွင့်ပြုပါ….
ငါတို့ ကျောင်းသားဘဝ
ရူးသွပ်စွာအချစ်ကိုးကွယ်ခဲ့ကြ
ဒါတွေ ပြန်တွေးတော့
လွမ်းဆွတ်အမှတ်ရစရာတွေ
ဖြစ်ကျန်ခဲ့ပါပြီ။ ။
လှည်းတန်းကမိုးရေစက်တွေနဲ့
ငါတို့ ချင်းတွင်းမြစ်ကြီးအကြောင်း
ပြောဖြစ်ခဲ့ကြတာလည်း
ရူးသွပ်မှုတစ်ခုပါပဲလေ။ ။
သွေးစက်တွေပေကျံနေတဲ့
စာရွက်တစ်ခုအကြောင်း
ချင်းတွင်းမြစ်ကြီးကောင်းကောင်းသိမယ်ထင်တယ်။ ။
ချစ်ခြင်းဖွဲ့အလင်္ကာတွေလည်း
ချင်းတွင်းမြစ်ကြီးဖတ်ခဲ့ဖူးလောက်ပေါ့။ ။
ငါတို့ရဲ့ရင်ဖွင့်သံတွေကြောင့်လည်း
ချင်းတွင်းမြစ်ကြီးနားငြီးခဲ့ရပြီ။ ။
အဝေးတစ်နေရာမှာ
ဘ၀တစ်ခုကိုတည်ဆောက်
ငါတို့ ချစ်ခြင်းတွေလည်း
ချင်းတွင်းမြစ်မှာစီးမျောပျောက်ကွယ်လောက်ပြီပေါ့။ ။
ဒါပေမယ့်လေ…..
ငါတို့ရဲ့ရူးသွပ်ချစ်ခြင်းတွေ
ချင်းတွင်းမြစ်ကကောင်းကောင်းသိခဲ့တယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လှည်းတန်း ချင်းတွင်း .. အင်း
ရသတစ်မျိုးပဲ