ပြိုပျက်ခဲ့တဲ့ ဒီဇင်ဘာ
ဒဏ်ရာတွေ ထိုးသိပ်ထည့်ပြီးမှ
ငါဟာ ကြေကွဲသူ တယောက်ဆိုတာ သိလိုက်ရချိန်မှာ
အနီရောင် မုန်းတီးခြင်းတွေကို
ကျေနပ်စွာ ခုံမင်နေမိတယ်
မြူနှင်းတွေ ဝေနေတဲ့ ဆောင်းမှာ
ငါတို့ ဇာတ်လမ်းက အဖြူအမည်း ခပ်ကျဲကျဲနဲ့
ေ၀၀ါးမှုတွေ အုံဆိုင်းခဲ့ကြတယ် …
ရယ်သံတွေ ခြောက်သွေ့ပြီး ခံစားချက်တွေ ချစား
အဲ့ဒီဆောင်းမှာ မင်းရော ငါရောတကယ်ရှိခဲ့ကြလား
ထွက်ခွာခဲ့ပါပြီး…ဘယ်အရပ်မှန်းမသိအောင်ကိုပဲ
ကွဲအက်နေတဲ့ ဂီတာအို တလုံး..ငါဝှက်ထားခဲ့ လမင်းတစင်း
ကိုယ်တိုင် စတေးပေးခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေ
တသသ တမ်းတနေမိတဲ့ သူမရဲ့ အနာဂတ်ပျောက်ဓားတလက်ရယ်…
အဲ့ဒီလို
ဒီဇင်ဘာတိုင်းမှာ ငါ့ရင်ဘတ်ထဲက ခေါင်းလောင်းက
အဆမတန် အော်မြည်နေတတ်တုန်းပဲ…..
တိတ်ဆိတ်စွာ အထီးကျန်မှုမှာတောင် ငါ့အသက်ရှုသံက
သူမရဲ့ ၀ိညာဉ်တွေ ငြိတွယ်နေသေးတယ်
အကြောင်းကြားစာ မပေးပဲ ရောက်ရောက်လာတတ်တဲ့ ဒီဇင်ဘာ
ဒီတနှစ်တော့ ဗလဖွ စုတ်ပြဲ နေတဲ့ ရင်ဘတ်နဲ့သူကို
မသိမသာ ကျော်သွားလိုက်ပါ
ap
Comment #1
အားပေးသွားတယ် ကိုအေပီ..
ဆောင်းမှာ ကျနော်လဲ အသည်းကွဲဖူးတယ်.။
🙁