ဝင်္ကပါ
-
ဝင်္ကပါ
တစ်ရွာမပြောင်း သူကောင်း မဖြစ်တဲ့ -
မျှော်လင့်ချက်နဲ့ ရွက်လွင့်မယ် ကြံရုံရှိသေးတယ်
-
သေချင်တဲ့ကျား တောပြောင်းဆိုပါလား
-
ကမ္ဘာပေါ်မှာ ကြားနေနိုင်ငံတွေက ငြိမ်းချမ်းရေး ပိုရပါသလား
-
လောကကြီးမှာ ဘယ်သူတွေက ဘုရားသခင်ရဲ့ စာမျက်နှာကို ကြိုဖတ်ခွင့် ရပါသလဲ
-
cyber သံတွေ ဆူညံနေတဲ့ မြို့တွေမှာ အနာဂတ်ကိုရော download လုပ်လို့ ရပါသလား အတွေးတွေနဲ့သာ သန်းခေါင်ထက်ညတွေ နက်ခဲ့ရတာပါ
-
ဘ၀မှာ အခုထိ ခမ်းနားတောက်ပတယ်ဆိုတဲ့ ကြယ်တွေအတွက်
-
ခူးဆွတ်ဖို့ လက်တစ်ဖက် မလှမ်းရသေးဖူး…………….။ ( 14th-Nov-2008)
-
(တစ်ချိန်က တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်မချမီ နေ့ရက်များဆီသို့…………….)(ဂျွန်မိုးအိမ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service