တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ။
အိမ်တချို့ရဲ့ခေါင်မိုးတွေ ဆီကနေ
မီးခိုးငွေ့တချို့လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့ ။
တောင်ခြေအိမ်ရဲ့ အနောက်ဘက်မှာ
စမ်းချောင်းတစ်ခု တွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့ မျက်ရည်စတွေ မဟုတ်ဘူးထင်ပါရဲ့ ။
စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာ တချို့နဲ့ သူတို့ရဲ့ ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ ဆယ်ယူနေကြတာ
တစ်ခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့ အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့ ။ ။
မြင့်မိုးအောင်
Credit: http://www.manorhary.net/
Comment #1
ကဗျာကောင်းလေး ဖတ်ရတာ ကျေးဇူးပါ ဖြိုးဖြိုး