ဟိုက္ကူကဗျာ တိုတိုထွာထွာ
“အရသာ”
အား လပ် ချိန် နေ့ များ
စည်း တွေ ကြိုး တွေ ခ ဏ နား
စိတ် စေ ရာ ကို သွား။
“ပုဇင်းရင်ကွဲ”
အာ ကျယ် တဲ့ ကောင် လေး
ခေါင်း မော့ ရင် ကော့ ဟစ် အော် ကြွေး
ရင် ကွဲ သေ မှ အေး။
“ပု ထု ဇဉ်”
ပိန်း ပိတ် တဲ့ အ မှောင်
ဘာ တစ် ခု မှ မ မြင် အောင်
ငါ တို့ ရဲ့ အ ရောင်။
“အဝင်အထွက်”
ဟို ရှေ့ က ဆူ ညံ
သည် ဘက် က လည်း ဆူ ဆူ ညံ
အ ပြိုင် ဟစ် ငို သံ။
“စိတ်ကူး”
တောင် ပံ မဲ့ ပျံ သန်း
က မ္ဘာ့ တံ တိုင်း ထွင်း ဖောက် စွမ်း
ခြေ ရာ ပျောက် တဲ့ လမ်း။
“လှိုင်း”
ကြမ်း တမ်း လှ တဲ့ လှိုင်း
နိမ့် မြင့် ဖြောင့် ကောက် ကြမ်း နု ရိုင်း
ချက် ကြိုး မှ သ င်္ချိုင်း။
(ဘဲရှုပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service