အရှက်မရှိတဲ့ ငါ့လက်နဲ့ ရေးခဲ့တဲ့ အသက်မဲ့ အသည်းကွဲ ကဗျာ တစ်ပုဒ်
ပြောပါဦး…
နင်နှုတ်က ထွက်တဲ့ အချစ်…
ငါ့ အတွက် စစ်ပွဲ တစ်ပွဲကို စတင်သလို…
အရာရာက အနိုင်အရှုံးကြီးပဲ…
သိက္ခာအတွက်လဲ မဟုတ်ဖူး…
ရိက္ခာအတွက်လဲ မဟုတ်ဖူး…
နင် ရှာတဲ့ နင့်အပျော်အတွက်…
ဒီကောင် ဆိုတဲ့ ငတုံးရဲ့ ရင်ဘက်…
ခွက်စုတ် လောက်တောင် တန်ဖိုး မရှိပြန်ဖူး…
နင်ပြောတဲ့ နင့်စကား…
မှန်မှန်မှားမှား…
ဘယ်သူ့နားနဲ့ နားထောင်နေလဲ…
တစ်ချက်တော့ စောင်းကြည့်လိုက်စမ်းပါ…
အချစ်ဟုတ်လား…
ရှုံးမယ် ဆိုတာ ကြိုသိတဲ့ Game…
လက်တစ်ဆုပ်လောက် မျှော်လင့်ချက်နဲ့…
ငါ ကြိုးစားပြီး ကစားကြည့်တယ်…
ခက်တာပဲ…
မကောင်းမှန်း သိသိနဲ့…
မီးကို ဖြတ်တိုးနေတဲ့ ပိုးဖလန်လိုပဲ…
နင် ကျတဲ့ အတုအယောင် မျက်ရည်တွေ…
ငါ မြင်တိုင်း ရူးခဲ့ရတယ်…
ငါ တွေ့တိုင်း ဒူးထောက်ရတယ်…
ပြောစမ်းပါ…
ဒီပါးစပ်နဲ့ ထပ်ထပ်ပြီးပြောစမ်းပါ…
နင်ပြောတဲ့ ပေါ့ပျက်ပျက်စကား…
ပြည်တန် ပတ္တမြားနဲ့တောင် ငါ တန်ဖိုးမဖြတ်ဖူး…
ငို စမ်း ပါ…
ဒီ မျက်လုံးတွေ နဲ့ အားရအောင် ငိုပြစမ်းပါ..
နင် ကျတဲ့ အတုအယောင် မျက်ရည်တွေ…
ငါ ပုလဲ လုံးလေးတွေ သီပေးတောင် လှမ်း မယူနိုင်ဖူး…
မာယာတွေ ဖုံးထားတဲ့ နင့်အလှ…
ခေတ္တ တော့ ငါ ခိုအောင်းခဲ့တယ်…
အချိန်တန်တော့လဲ…
နင် နင်းနဲ့ စားခွက်…
ပက်လက် ကို လန်နေတာပါ…
နင်ပဲ တော်တာလား ငါ ပဲ ရူးနေတာလား….
Comment #2
အရးအသားတွေကို အားကျမိတယ်… ကဗျာတွေထဲမှာ ခင်ဗျား ကို တွေ့နေသလိုပဲ..
Comment #3
အရေးအသားက အသက်ပါလွန်းတယ်…။ ကဗျာကို ဖတ်ကြည့်ယုံနဲ့ ခင်ဗျား ခံစားနေရတာကို မျက်လုံးထဲမှာ မြင်ယောင်နေမိတယ်..။ လေးစားပါတယ် အဓိပါယ်မဲ့…
Comment #4
ခံစား ဖတ်ရှုသွားပါတယ် ကောင်းပါတယ်ဗျာ…..
Comment #1
မာယာတွေ ဖုံးထားတဲ့ နင့်အလှ…
ခေတ္တ တော့ ငါ ခိုအောင်းခဲ့တယ်…
အချိန်တန်တော့လဲ…
နင် နင်းနဲ့ စားခွက်…
ပက်လက် ကို လန်နေတာပါ…
နင်ပဲ တော်တာလား ငါ ပဲ ရူးနေတာလား….
ရင်ထဲကို ဖောက်ဝင်သွားသလိုပဲ… အရမ်းလေးစားပါတယ်.. ကို အဓိပါယ် မဲ့ ရေ..