ရွက်တိုက်သူ
အရွဲ့တိုက်တတ်သူလား
ဂွကျကျသမားလား
ဘောင်ဝင်ဖို့မကြိုးစားတတ်သူတစ်ဦး (မကြိုးစားဖူးခဲ့)
တစ်ကိုယ်တော်ရွက်လွှင့်မယ်..လာမတားပါနဲ့
လေနှင်ရာရွေ့မယ်
လှိုင်းထန်ရာဖြတ်မယ်
ကိုယ့်ကိုယ်ကိုယ်လဲပြိုလိုက်
ကိုယ့်ကိုယ်ကိုယ်ထူမလိုက်
အဖော်မရှိခြင်းကအဖော်ပဲဆိုတာ နားလည်တယ်။
တကယ်တော့..ကျွန်တော်က ရွက်တိုက်ချင်သူ (ရွက်တိုက်နေသူ) ။ ။
ဆိုက်ပရပ်စ်လင်း (၂၀၁၃)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service