ချစ်ခဲ့ဖူးတဲ့ဒီဇင်ဘာ (မိုးဇက်)
ဒီဇင်ဘာရောက်ရင်….
ဒီရင်မှာဂယောက်ဂယက်ဖြစ်တယ်
ချစ်ခဲ့တယ်ဆိုတာ ပစ်ဖို့ရာမဟုတ်ခဲ့ဘူးဆိုတော့
ရင်ကော့ပြီးရူးခဲ့ရတာတောင်
ဒီကောင်အမှတ်သည်းချေမရှိ
အလွမ်းပန္နက်တွေလည်းအတိုင်းအတာတစ်ခုအထိ အမြစ်တွယ်ခိုင်ခဲ့ပြီ။
မင်းသဘောအတိုင်းပါ ချစ်သူရာ..
မင်းသာယာမယ့်အကိုင်းမှာနားပါ ခိုပါ အိပ်စက်ပါ
ငါ့ရင်ဟာ မင်းအတွက် နှစ်သက်စရာမှမဟုတ်ခဲ့တာဆိုတော့….
ငါ့ဘ၀ သုညက မင်းရေးချမယ့် ၀ိအတွက်
ဝ မဖြစ်ခဲ့တာတော့ အမှန်ပါ
အဖန်တစ်ရာမကပေးဆပ်ရင်တောင်မှ
ဝ လို့မမြင်တတ်တဲ့မင်းအတွက် သုညအဆင့်ကမတက်ခဲ့ပါဘူး။
ကျေးဇူးတင်ပါတယ်ချစ်သူရယ်……
ငါ့ကိုချစ်တတ်အောင်နဲ့လွမ်းတတ်အောင်သင်ခန်းစာတွေပေးခဲ့လို့….
ငါလေ…..
အလွမ်းဖတ်စာအတွက် ပြန်လှန်တွက်ချက်ဖြစ်ပေမယ့်
အချစ်သင်ခန်းစာကိုတော့
အပြီးအပိုင်သိမ်းထုတ် တခမ်းတနားမလုပ်ဘဲထား
အားလုံးမြေမြှုပ်ထားလိုက်တယ်
ငါ တစ်ခါပဲ ခဲမှန်ပါရစေဟာ….
ဒီစာဒီကဗျာဟာ
(မင်းအတွက် ငါ့ရဲ့)
မွေးနေ့လက်ဆောင်အဖြစ်
ငါရေးခြစ်နေမိတာပါ
မင်းဖတ်ချင်ဖတ် မဖတ်လည်းနေပါ
ငါ့ကဗျာငါ့စာတွဟာ မင်းနှလုံးသားအတွက်
(ဟိုအရင်ကလို)
နှစ်သက်စရာဖြစ်နေအုံးမယ်ဆိုရင်တော့…….
သတိတရဖြင့်
မိုးဇက်
Comment #2
အားပေးနေပါတယ်ဗျာ……..
Comment #1
ကြိုက်၏