အားလုံးက မျက်စိနောက်အောင် လည်ပတ်နေတော့’
သံသာရာဟာလည်နေတယ်
ကမ္ဘာကြီးဟာလည်နေတယ်
ရာသီတွေလည်းလည်နေတယ်
နာရီတွေလည်းလည်နေတယ်
ကားဘီးတွေလည်းလည်နေတယ်
လူတွေရဲ့ဘ၀တွေလည်းလည်နေတယ်
အရာအားလုံးကလည်နေတယ်ဆိုရမလား
ဘာပဲပြောပြောအားလုံလည်နေတယ်ဆိုတာတော့
ယုံကြည်နေတယ်…
အော်…ပြောဖို့မေ့နေလိုက်လိုတာ
အရာအားလုံးကလည်ပတ်နေလို့
ကောင်မလေးရယ်….
ငါတို့တွေ တစ်နေ့နေ့တစ်ချိန်ချိန်
ပြန်တွေ့နိုင်တယ်လို့
ယုံကြည်နိုင်တယ်…။။
ကဝေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လည်သွားပြီ… 😛