ကြွယ်ကြွေလမ်းမထက်က နှလုံးသား
ကြယ်ပွင့်တွေကိုအိပ်မက်ရင်း
လရောင်ခြည်ကိုမြင်ခဲ့ဖူးတယ်…
အလွမ်းကိုခံစားမိနေတော့
အလိုလိုအထီးကျန်သွားတယ်…
ချစ်သူရေ—
အချစ်ရသဖော်ကျူးခဲ့တဲ့
နှုတ်ခမ်းချိုချိုလေးတွေမှာ
ငါဆိုတဲ့ကောင် ယစ်မူးနေခဲ့မိလေရဲ့…
ငါတို့ဆုတောင်းခဲ့ဖူးသလို
အခုလည်း
ကြယ်တွေကြွေနေပြန်တော့
မပြည့်နိုင်မှန်းသိရက်နဲ့ ထပ်ဆုတောင်းမိပြန်တယ်…
1500ရက်စွဲတွေနဲ့
အတိတ်တစ်ချို့ထဲကလို
ငါ့ဘ၀စာမျက်နှာကို ပြန်ရေးသားခွင့်ရှိပါရစေ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service