စီးမြောရမှာလား…? … အားနာစရာပါဗျာ
လူမသိသူမသိ နာမည်ကြီးဖို့
ဒီမြစ်ကို စုန်ဆင်း လိုက်တဲ့ အခါ
သစ္စာတရားဟာ တတိတိယိုယွင်းတယ်
ပစ်ပေါက်လိုက်ပါ
နှင်းတစ်ပွင့်လောက်နဲ့တော့ ငါ့ရွက်တိုင်ထိပ် ထိ
လှိုင်းတက်မကြီးနိုင်ဘူး
ကမ်းပါးပြိုတာလောက် သောက်ဂရုစိုက်နေရင်
မြစ်တစ်စင်းချင်းအတွက် ရင်ဖွင့်လို့ ကြို
မိုးစွေခံနေရတဲ့ ပင်လယ်ကို အားနာစရာကောင်းတော့မယ်
•
•
••••
SATAN
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service