ကမ္ဘာပျက်တဲ့နေ့
ကမ္ဘာပျက်တဲ့နေ့
တိမ်ညိုတွေပြိုဆိုင်း
ရိုင်းစိုင်းတဲ့ကောင်းကင်
ရက်စက်တဲ့လေပူမုန်တိုင်း
နိုးထခဲ့ နံနက်ခင်းမှာ
ကြားလိုက်ရတာ ငှက်ဆိုးထိုးသံတစ်ချက်
အပူပြင်းဆုံးနေမင်းရယ်
ကြမ်းရှရှလေပြင်းတစ်ချို့ရယ်
ယိုင်နဲ့နဲ့ အသည်းနှလုံးရယ်
ပျောက်ဆုံးသွားတဲ့ ပျော်ရွှင်ခြင်းအပိုင်းအစတွေရယ်
သာယာခြင်းကင်းမဲ့တဲ့ ပတ်ဝန်းကျင်
ငါ့ရဲ့ကမ္ဘာငယ်လေးပျက်စီးနေပါပေါ့လား
အိုဘယ့်
အရှုံးမပေးပါဘူး
ယိုင်နဲ့နဲ့ နှလုံးသားပေါ်မှာမင်းနာမည်ကဗျည်းထိုးထားတာပဲလေ
အိုဘယ့်
အရှုံးမပေးပါဘူး
စည်းချက်မမှန်တဲ့ နှလုံးခုန်သံကလည်းမင်းနာမည်ပဲလေ
အိုဘယ့်
အရှုံးမပေးပါဘူး
ငါ့ရဲ့စိတ်ဝိဥာဉ်ထဲမှာမင်းကရှင်သန်လျက်ပဲလေ
အိုဘယ့်
အရှုံးမပေးပါဘူး
မျှော်လင့်ချက်ကိုယ်စီနဲ့ အသက်ရှင်နေကြတဲ့ လူသားဘဝမှာ
ငါ့ရဲ့
ဘဝ
ငါ့ရဲ့
မျှော်လင့်ချက်ကမင်းပဲလေ
ထော်လေးကျော်
《\\—|☆\\☆\\∠》
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Super like