ကြယ်
ငါဆိုတဲ့ ကြယ် က…
ထွက်ပြေးသွားတဲ့ဆည်းဆာကို
မသနားမိသလို
ထိန်ထိန်လင်းနေတဲ့ လမင်းကိုလည်း
ရင်မခုန်ခဲ့ဘူး…
ငါ့အလင်းနဲ့ငါနေမယ်…
နေ့အခါဆိုရင်
မှောင်နေတဲ့ ကမ္ဘာတစ်ဖက်မှာ
ငါ တိတ်တိတ်ကလေးသာနေမှာ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service