မွေးနေ့လက်ဆောင်
မွေးနေ့လက်ဆောင်
တစ်ပွင့်တစ်ခက်
ငယ့် အတွက်ပါကွယ်….
မလိုသူတွေနှောက်ယှက်
လုယက်မှာစိုးလို့
ကိုယ်….ဆူးခက်တွေလဲထဲ့ပေးလိုက်သေးတယ်…
အဲဒီ ဆူးခက်……
ငယ့်အတွက် ဆူးလက်နှက်မဟုတ်ပါကွယ်
တကယ်ဆို….
ပန်းခူးသည့်လက် ယုယတတ်ရင်
အဆူးအခက်တောင်
ရူးမတတ်အောင်ချစ်တဲ့ ကိုယ့်အတွက်
အပြစ်မယူ ဖေးကူတတ်သေးတယ်
မယုံရင်….
ငယ့်လက်ကလေးနဲ့
ဖွဖွလေးဆုပ် နမ်းရှုံ့ကြည့်ပါလားကွယ်
ကိုယ့်ချစ်ခြင်းများစွာ မွှေးပျံနေလိမ့်မယ်။
သားချို
(အခြားဝယ်ပေးစရာပိုက်ဆံမရှိခဲ့လို့ နှင်းဆီတစ်ပွင့်နဲ့ပျော်စေခဲ့ရတဲ့မွေးနေ့လက်ဆောင်အမှတ်တရတစ်ခုပါ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so sweet!