“ပထမ.. ပန်းတိုင်”
နှစ်ယောက်..လက်တွဲလို့
ဘ၀ရဲ့…နက်နဲတဲ့ပုစ္ဆာတွေကို အဖြေရှာ….
ပြဿနာတိုင်းကို..ကိုယ်ချင်းစာစိတ်နဲ့..ဖြေရှင်း….
အတူတူ ချီတက်ခဲ့တာ….
တစ်နှစ် တင်းတင်းပြည့်ပြီ…….
နားလည်မှုတွေ တည်ဆောက်လို့…
အကျိုးအပြစ်တွေကို စစ်ဆေး…
တစ်ယောက်ကိုယ် တစ်ယောက်…
နာကျင်စရာတွေ မပေး….
ရန်မဖြစ်ကြေး..နော်…..
ရှေ့ဆက်မယ့်လမ်းမှာ…
ဘယ်လောက်ကြမ်းကြမ်း….
အတူဖြတ်ကျော်ဖို့ ကြိုးပမ်းစို့….
ချွေးစက်တွေနဲ့ ရင်းနှီး…
ကိုယ်ပိုင် နန်းတော်ကြီး တည်ဆောက်မယ်……
တလောကလုံးနဲ့ တစ်ယောက်…
ဘယ်လိုပဲ ဒုက္ခရောက်နေပါစေ…
လက်ချင်းခိုင်ခိုင်တွဲ…
ရင်ဆိုင်တိုက်ပွဲ…
ဆင်နွှဲကြမယ်……
ရှေ့လာမယ့် ရတုအဆက်ဆက်…
ပျော်ရွှင်စွာ .. ကျော်ဖြတ်ကြစို့…
သား..မြေး..မြစ်တွေနဲ့…
ဆံဖြူသွားကျိုး…အဘိုးအဘွားတွေဖြစ်ချိန်အထိ…
အပြစ်မမြင်..ချစ်ချစ်ခင်ခင်ပေါ့….
အဲ့ဒီအချိန်..နှစ်ယောက်ထဲရှိချိန်ကြရင်လေ…
ဟိုသီချင်းထဲကလို…
စပယ်ပန်းတွေ ပန်ထားတဲ့မင်းက…
အဘိုးကြီးငါ့ကို…..
မောင်..လို့.. ခေါ်ပါအုံး..ပေါ့….
နော့….ရှင်မရယ်……..။
(မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ)
လေးညှို့ရှင်
(၁၄.၂.၂၀၁၄)
(8:52 AM)