ကျွန်တော်၏ ဗယ်လ်လင်တိုင်းမ်းဒေး
ဝေးခဲ့ကြပါသည်
ပြက္ခဒိန်တွေဟောင်းလို့
ကြက်ခြေခက်ရက်တွေမပြောင်းသေးတာ ဒီနေ့အထိ
ရောက်ခဲ့ပြန်ပါပေါ့လားကွယ် ခုတော့ဖြင့်
“ချစ်သူများနေ့”
အမှတ်တရတွေအပြည့်ပါပဲချစ်သူ
အသက်ရှုတွေရပ်မတက်ပျော်ခဲ့တာ
တစ်ချိန်က
ဒါပေမယ့်…..
ဒါပေမယ့်ရဲ့ နောက်ဆက်တွဲက
ငါ့ရဲ့ အခုလက်ရှိဘ၀ပါချစ်သူ….
အဲဒီတော့
ဒီတစ်နှစ်အတွက်လည်း
ပြက္ခဒိန်တစ်ချပ်ရဲ့ နေ့စွဲတစ်ရက်အတွက်
ကြက်ခြေခတ်ပါပဲ….
+နောင်ရိုးစစ်+
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service