ပန်း
ပန်ဆင်လိုက
ညှာတံအရိုး
သာသာချိုးပြီး
ထိုးစိုက်ပန်ဆင်သွားပါလေ။
မပန်လိုက
အဝေးကကြည့်
သူ့တိုင်းလေးပဲ
အပင်ထက်ဝယ်
တင့်တယ်ပါစေ။
ဘာရယ်မဟုတ်
ဆုတ်ကိုင်ချွေဖွ
အကြောင်းမဲ့တော့
မဖဲ့ချွေစေချင်ဘူးလေ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဝါး…….ကောင်းတယ်ဗျာ
ရေးတဲ့စတိုင် မပြောင်းသေးဘူးပဲ
အမှန်တိုင်းဝန်ခံရရင် လှတယ်
လေးလုံးစပ်လေးတွေစီထားတာ
….