သစ္စာ
….သစ္စာ….
၁။
ဒီည
အိပ်စက်ခြင်း အရှင်း/အကင်း နဲ့
မိုးလင်းလိုက်မယ် ငါ ….။
၂။
သတိ ရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့
နှလုံးသားကို သံပတ်တွေပေးဖို့မလိုပါဘူး
သေချာတာက
မင်းအကြောင်းတွေတွေးယုံနဲ့
ငါနှလုံးသားတွေ
နွေးထွေးအေးမြတုန်းလေ ။
၃ ။
ဖြေပါ ဖြေပါ
ဖြေပေးပါ မကွယ်မ၀ှက် မလိမ်ညာဘဲ
ငါလွမ်း
ငါသတိရ
ငါ တမ်းတ သလို့မျိုး
မင်းခံစားကြုံတွေ့နေရသလားဆိုတာ ။
လက်ျာ . မိုင်တိုင်များ
https://www.facebook.com/latyarpoem
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါလွမ်း
ငါသတိရ
ငါ တမ်းတ သလို့မျိုး
မင်းခံစားကြုံတွေ့နေရသလားဆိုတာ ။
………………………………………
အားပေးသွားပါသည်။