မငိုပါနဲ့
နင် မငို ပါနဲ့ လို့ ပြောပြီး အခါ ခါ ငါငိုတယ်
ရင်တခု လုံး ပွင့်ထွက်သွား မတတ်ငိုတယ်
ခန္ဓာ ကိုယ်အစိတ်အပိုင်းထဲကတခုခုဆုံးရှုံးသွားသလိုငိုတယ်
နင်လုံးဝ မငိုနဲ့ လုံးဝမငိုရဘူး နော်
ရှေ့ဆက် ရမဲ့ဘ၀တွေအတွက်
ဆက်လျောက် ရမဲ့အနာဂါတ်တွေအတွက်
နင် လုံးဝငိုလို့မဖြစ်ဘူး လုံးဝမဖြစ်ဘူးနော်
နင့်မျက် ရည်တစက်ကျတိုင်းကမ္ဘာ တခါပျက်တယ်
နှလုံး သားတွေနာကျင် ရလွန်းလို့်
ဘ၀တွေခါး သက် ရလွန်း လို့
ကျေးဇူးပြုပြီးမငိုပါနဲ့လို့
ငါပြောတာကြားလား
မျက်ရည်တွေနဲ့ပြောတာကြားလား
မငိုပါနဲ့ လုံး ၀ မငိုပါနဲ့
မျက်ရည်တွေနဲ့ ငါပြောမယ်
မငိုပါနဲ့ …….
Comment #3
မျက်ရည်တွေနဲ့ ငါပြောမယ်
မငိုပါနဲ့ …….
တယ်လည်း အချစ်ကြီးသကိုးဗျ ~
With respect,
RAY
By: X - ray at Jul 25, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာဖတ်ရင်းနဲ့ မျက်ရည်တောင်ဝိုင်းလာတယ်..
ဒါပေမဲ့ မငိုဘူး…