အဆိုပြုချက်တစ်ခု၏ဆန္ဒ
မင်းနဲ့ ငါ
ယူဆချက်တစ်ခုဆီကို
ထမ်းပိုးထားတာဆိုတော့ 
မင်းကငါ့ ရာဇ၀င်ကို
မင်းရဲ့ သမိုင်းတွေနဲ့ရောဖို့ 
စိတ်ကူးဖို့ တောင်
တစ်ကယ်ဆိုစိတ်မကူးသင့် ပါ
မင်းရေးထားတာက…………ကကြီးပါ
ငါရေးထားတာက………….ယပက်လပ်ပါ
ပုံသဏ္ဍာန်းအားဖြင့် မင်းနဲ့ ငါက
ပုံစံခွက်တစ်ခုရဲ့ မောက်လျှပ်နဲ့ ပက်လပ်ပေါ
သို့ သော်လည်းပဲ
အချင်းခြင်းတူမှာမှမဟုတ်တာကွယ်
ဒါနဲ့ တောင်………………
မင်းက
ကကြီးနဲ့ လေ
ကကြီးနဲ့ လွင့် 
အတွေးအခေါ်မိတ္ထူကူးစက်တွေကို
ဆန်းသစ်စွာဖန်တီးချင်သူဆိုတော့ 
မင်းကမင်း
ငါကငါလို့ ပြောရင်းမင်းကို
လက်တို့ လိုက်မယ်…………………
ရှေ့ တည့်တည့် ကိုကြည့် တက်အောင်
ခေါင်းနားကဦးနှောက်ကို
ခပ်နာနာထုဆစ်ပါသူငယ်ချင်း
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service