”၁၃ရက်” သောကြာ(FRIDAY 13)
”၁၃ရက်” သောကြာ
(FRIDAY 13)
++++++++++++++
လမ်းတွေပိတ်….. ကားတွေအိပ်နေပေမဲ့..၊
စိတ်တွေလေတဲ့…………ငါ……
တစ်ခုလောက်ဆိုပါရစေ…။
အများပြောတဲ့…. Friday 13 က…၊
အမှားသဘောပဲလို့…. ဆိုချင်ဆို..၊
အပိုတွေပါပဲဟု….. မငိုချင်ဘဲနဲ့….၊
ငါ…. တွေးမိတယ်..။
တိုက်ဆိုင်မှုတွေပဲလား…၊ ပဲ့တင်မှုတွေကြောင့်လား…၊
ခုချိန်ထိတော့…. လုပ်သမျှတိုင်းက…၊
ပြုံးပြနေသယောင်….. ကုပ်ဖဲ့ခွာနေတောင်..။
မဆီမဆိုင်… ကြည်..လှိုင်ကပြောတယ်..၊
နင်အရမ်း ”ဝ” လှတယ်လို့………….၊
ဟုတ်ပေသားဘဲ….. စိတ်ချမ်းသာနေတာကိုး….။
ငါသိမ်းထားတဲ့….. memory တစ်ခုက..၊
ဇာတ်သိမ်း လှတဲ့…. ကလေးလေးအကြောင်းကို….၊
ပြန်မတွေးထားဘဲ…….. ငါ……….
မြင်ယောင်လာတယ်…။
”FROZEN” ကားလေးထဲကလိုပေါ့….၊
ကိုယ့်စိတ်ကူးတွေ…….. လှနေသရွေ့…၊
သက်မဲ့စနိုးတွေလည်း……….. လှနေပါစေ………..။
၁၃သောကြာမှာ.. အပြုံးရောက်တဲ့
……………..ကိုဇေ…………………..
Comment #2
ကောင်းတယ် အမြဲတယ်အားပေးနေပါတယ်
Comment #3
အကိုဇေ ရေ ကျနော်အ တွက်ကဗျာ လေးတစ်ခုလောက်ရေးပေးပါလား
ကျနော် ကောင်မလေး တစ်ယောက် ကို အရမ်းချစ်နေမိနေပြီး သူမှာချစ်သူရှိနေတယ်လေ ကျနော်က တစ်ဖက်သတ် အချစ်ဖြစ်နေတယ် ကျနော်ကိုလဲမျှော်လင့်ချက်တွေပေးနေတယ် ,ကျနော်ကဗျာ တစ်ခုတောင် စမ်း ရေးကြည့် တယ် ဒီလိုလေး ကြည့်ပေးပါအုံး အကိုဇေ
ပန်မရနိုင်တော့မှန်းသိရဲ့နဲ့
မင်းဆီကအချစ်ကို ဒို့မျှာ်လင့်နေတုန်းပါပဲ
ကောင်မလေးရယ်.
မင်းဒို့ကို ဘယ်ဆီရောက်မှန်းမသိတဲ့
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ငါပျော်ခဲ့ပါတယ် မင်းဆီက
ချိုသာသော စကားလေးတခွန်းကြောင့်
မင်းဆီက အပြုံးလေးတွေနဲ့ photo လေးတွေကြောင့်
မင်းဆီက ဖော်ရွေတဲ့ message လေးတွေကြောင့်
ငါရှုးသွပ်ခဲ့ရတယ်..
ကောင်မလေးရယ် ဒို့မှာ မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့မယ်.
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ငါဆီက လက်ကျန်အချစ်တွေ
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း..
ရင်ကွဲငှက် တစ်ကောင်ရဲ့ ငိုကြွေးသံ
လရောင်
Comment #1
သောကြာနေ့ကတည်းက ရေးထားတာပါ.. အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ဖြစ်တာပါ..