နွေ
ရွက်ပောာင်းကြွေ လို့ ရွက်သစ်တွေတဖန်ဝေတယ်။
ရိုးတံကျဲတဲ ပန်းရောင်စုံအရယ် အပြိုင်ပွင့်ဖူး
နွေးဦးမြူးတဲ့ သကာလ
လေပြေရဲ့စေရာဝဲ ပန်းကလေးတွေမှာလည်း ယိမ်းရတယ်။
ကြွေကျလို့ မြေခ သက္ခာရတရားတွေပါပဲလေ
နွေပြီးရင်မိုး ၊ မိုးပြီးရင၊် ဆောင်း
ရာသီတွေအလီလီပြောင်း နာရီတွေပောာင်းလည်း
နေ့သစ်တွေပာာ ရောက်လာစမြဲ မပာုတ်လား ။
လွန်ဆန်မရတဲ့ သဘာဝရတရားကိုရှု့မြင်
ခင်မင် ကြုံကွဲ နှုတ်ဆက်ရစမြဲဆိုတာ
မမြဲတဲ့ ဓမ္မတာတရားပဲဆိုတာ နားလည်ပါတယ်။
လွမ်းစရာရယ် တကြော့ ဖန်ခဲ့ပြန်တဲ့ ရွှေဥသြရယ်
မျှောမဆုံးလှပ ကြည်လင်တောက်ပ တိမ်တွေရယ်
ရှုးမညီဖွယ် နွေဦးရဲ့အလှကို
ပိုပြီးတော့ ပြီးပြည့်စုံစေခဲ့တာလား
နွေဦးရဲ့ဆည်းဆာက ကျမရဲ့အလွမ်းတွေကို
နှစ်ဆ ပိုစေခဲ့တာတော့ ငြင်းစရာ မရှိပါဘူး နွေ..။
လေနုစိမ်းလေး တဖြူးဖြူး
အလှထူးတဲ့ နွေဦးပာာ
ချယ်သ ရေးစပ်လို့
မကုန်တဲ့ ကဗျာတပုဒ်ဆို
ကျမရင်ထဲမှာ ထာဝရသိမ်းလို့
ဘယ်တော့မှ မေ့တော့မှာမပာုတ်ပါဘူး နွေ…။