သေသင့်သူ
ပုံပြင်ထဲမှာတော့
သိကြားမင်းလာကယ်တယ်
မေခလာကလာဆယ်တယ်
်
အပြင်လောကမှာတော့
ဗြဟ္မစိုရ်ကလည်းမလာဘူး
ပန်းရဲ့လမ်းကလည်းသီချင်းဆိုမပြဘူး
နင်ကလည်းအားပေးတယ်
ပြီးခဲ့တာပြီးခဲ့ပြီပဲလေ
ဘာဆိုင်တော့လို့လဲတဲ့
မိုက်မှန်းမသိမိုက်မိတဲ့ငါ..
နင်ခဏခဏပေးတဲ့ဒဏ်ရာ
နာရကောင်းမှန်းမသိတဲ့ငါ
တိမ်ဖုံးနေတဲ့မျက်နှာကို
လကွယ်ညမှာရှာမိတဲ့ငမိုက်သား
ကျနော်မျိုးကြီးပဲသေသင့်ပါတယ်…။
ု
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service