ဆက်ချစ်နေမှာပါ
ဆက်ချစ်နေမှာပါ
****************
င့ါ ကို ငါ မသိချိန်ကစပြီး
နင့်ကိုငါချစ်ခဲ့တာပါ…..။
အချိန်ကာလ ဟာ ဘ၀ ဆိုရင်
အတ္တမဲ့ သန်းခေါင်ယံ မှာ
တမ်းတတဲ့ငါ့အော်မည် သံတွေကို
ပျက်ရယ် မပြုလိုက်ပါနဲ့……
အဲဒါ ငါ့ဘ၀ ပဲလေ…….။
.
ငါ့ဘက်က ချုပ်နှောင်မထားပါပဲ
နင့်ချစ်ခြင်းနဲ့ ချည်နှောင်ပြီးကာမှ
ငါ့ကျောကိုရစ်သိုင်းမယ့်
နင့်လက်တစ်ဘက်
ပြေလျော့ သွားခဲ့တယ်……။
ချစ်သူရယ်…
တို့နှစ်ဦးရဲ့ ချစ်ခြင်း
အပြစ်ကင်းစေရမယ်..ဆိုတဲ့
နင့်ရဲ့ သစ္စာစကား.. ကို
ရိုးသားစွာ ယုံကြည်ရင်း..
ငါ..နင့်..ကို..ဆက်ချစ်နေဦးမယ်…..။
အစဉ်စိမ်းလန်းပါစေ….
သျှင်ငြိမ်းချမ်း…..
[ 6th,June,2014…03:23 Am.]
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service