ဂုဏ်ကြီးရှင် အသုဘ
အေးစက်တောင့်တင်း
အသက်ကင်း၍
ခေါင်းရင်းထောင့်ဘက်
အိပ် ရာ ထက် ဝယ်
သူ့လင် အ လောင်းပြင် ထား၏။
ညကကုန်ထမ်း
သန်းခေါင် ဖြန်းမှ
အိမ်ရောက်သည့်သူ
တခါးဖွင့်သူမရှိ
ဘယ်သို့ရောဂါ ဘယ်အချိန်ဆုံး
လုံးလုံးသိသူမရှိ။
အိမ်သူ ငါးရောင်း
သူ့ဈေးတောင်းသည်
ချက်ပြုတ်စီမံလောကဓံနှင့်
ရင် ဆိုင် ပြေးလွှား
မအားနှင့်ပင် ရှိ လေ ၏။
သားသမီးတစု
သူ့ထက်ငါအောက်
အရွယ်ချင်းယှဉ်
လျှင် လျှင် ကျောင်းသွား
သူတို့အားနှင့်
ရုန်းကန်ဘဝလူလုံးမလှ။
နေ့ခင်းရောက်လျှင်
နုံ့လူတသိုက်
ပျဉ်ဟောင်းရိုက်လျှက်
အ ခေါင်းပြင် သော်
ိုသူ့မိန်းမကား
ခါးလိမ်ကြား က
ငွေငါးရာကို
အရက်ဖိုးပေး
အ လောင်းတလှည့်
သမီးသားတခါ
ကြည့်လျှက်ကာသာ
ငိုချင်းချ။
်အသုဘ ရှု ထိုလူထုတွင်
ဖေ့အ လောင်း ရင်း
အားငယ် ဖျော့လျှ
အငယ်ဆုံးမ သည်
ကိုယ်တိုင် ဖီးလိမ်း
ကျောင်းဖြူစိမ်းနဲ့မုန်းဖိုးတောင်းရန်
့ရပ်နေ၏။
သမီးကြီးက
ရင် ဆို့ရှိုက်ငို
ဖခင် ကိုယ်ကို
တောပန်းတချို့လွှမ်းတော့၏။
သူ့မိန်းမလည်း
ကြေးစည်သံချက်
အ လောင်းထွက် လျှင်
နောင် တွင် အ ရေး
အ တွေး ဆူ ပွေ့
သတိမေ့ကာ
မြေတွင် ဗုန်းဗုန်းလဲတော့၏။ ။
ဝေယံအောင်(ဓါတုဗေဒ)
်
်
်
်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service