ခရုဖတ်ဖို့ ၂
မငိုပါနဲ့ ခရုရယ် …
ဘဝပင်လယ်ဆိုတာ အဲ့လိုပဲလေ
စုန်တစ်ချီ ဆန်တလှည့်နဲ့ပေါ့
လေကြမ်း လှိုင်းကြမ်းတွေနဲ့
သမုဒ္ဒရာထဲမှာ မျောနေရပေမဲ့
ကမ်းစပ်ကို တစ်နေ့တွေ့မယ်ဆိုတာ
ယုံပါနော်
လောကဓံလှိုင်းလုံးတွေ ကြားမှာ
ခရု ကြေမွသွားမှာစိုးတယ်
ဘယ်လို အပြောင်းအလဲတွေပဲ တွေ့တွေ့
ခရုကို မပြောင်းလဲပဲ ရှိစေချင်တယ်
အရောင်စုံ လှပတဲ့
လိပ်ပြာလေးတွေကလေ
ပိုးတုံးလုံးဘဝက နာကြင်မှုကို
ခါးစီးခံခဲ့ပြီးမှ လှပလာရတာလေ
ဘဝကို အရှုံးမပေးနဲ့နော်
ခိုင်မြဲတဲ့ သတိ ထက်သန်တဲ့ လုံ့လနဲ့
အရာရာကို အကောင်းမြင်ပြီး
ဘဝကို ရဲရဲရင့်ရင့် ဆက်လျောက်ပါနော်
စိတ်ထားဖြူစင်တဲ့ခရု
အရာရာကို ကျော်လွားနိုင်မှာပါ။ ။
Composed by Harald
www.facebook.com/mghlamyo.ccc
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service