ရေ မြေခြား အကြွေး
.
ချစ်သူနဲ့ အဝေးကြီးမှာ…
ရှင် သ န်နေ ရ သူတစ်ယောက်
နှလုံးသားထဲမှာ အလွမ်းတွေတပွေ့တပိုက်
ရ င်နာမှု့တွေက နှလုံးသားကို
မောပန်းစေတယ်
မင်းပျော် ရွှင်နေချိန်မှာ
မင်းအနားမှာငါလဲပျော် ရွှင်နေချင်တယ်
မင်းအားငယ်ကြောက် ရွံ့နေချိန်မှာ
မင်းအနားမှာအားပေးမှီခိုရာလေးဖြစ်ချင်တယ်
မင်းနဲ့အတူအချိန်တိုင်း
ရှိနေချင်တယ်
ဒီအချိန်မှာ မင်းအရ မ်းအားငယ်နေမလား
တွေးလိုက်တိုင်းအရ မ်းရင်နာတယ်
အနေဝေးလို့သွေးအေးမှာလဲ
ကြောက်တယ်
ဖုန်းတွေမဆက်လဲ…
စာတွေမလာလဲ…
ဘယ်လိုအဆက်အသွယ်ပြတ်ပြတ်
ငါမင်းကိုအရ မ်းချစ်တယ်ဆိုတာ
ယုံကြည်ထားပေးပါ…
တနေ့နေ့မှာ
မင်းအနားကိုရောက်အောင်လာပြီး
ပိုချစ်ပြပါ့မယ်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service