မြို့လေးရဲ့ မနက်ခင်း
့မြို့လေးရဲ့တစ်ကိုယ်ရေလွမ်းဆွတ်မှုမှာ မနက်ခင်းဟာ အိပ်မှုန်စုံမွှားနိုးထလာ
မနိုးသေးတဲ့သော့တွေကို ငေးကြည့်နေတယ်
လတ်လတ်ဆတ်ဆတ် အောက်ဆီဂျင်ကို ညစ်ညမ်းစေတဲ့မော်တော်ကား
ပဲပြုတ်သည်ရဲ့ အော်သံထဲဖြတ်မောင်းဝင်ရောက်သွားခဲ့ နံရံတွေမှာ နားတွေပါတယ်
မာကျူရီမီးတွေ ငိုက်မြည်းလာကြပြီ
ပုရစ်တွေ အိပ်တန်းဝင်ကြပြီ
လမ်းတွေ လမ်းသလားနေကြပြီ
ခိုတွေ သွားတိုက်မျက်နှာမသစ်ကြသေးခင်
ပလက်ဖောင်းကိုလှုပ်နှိုးလိုက်သော ခြေလှမ်းတစ်စုံသည် ခွေးတစ်ကောင်ဖြစ်သည်. . .။
မိုးနေ့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service