မိတ္ထီလာ
ကန်အောက်မှာ ဖားကောက်ဖို့တော့မဟုတ်ခဲ့ဘူး…
အဖူးအပွင့်တစ်ချို့
ရိတ်သိမ်းနိုင်ဖို့
ရေသောက်မြစ်ရှိရာအရပ်
ကိုရောက်ရှိလာသမျိုး
ရှာဖွေခဲ့တယ်…
၂၀၀၇
၂၀၀၈
၂၀၀၉
.
.
.၂၀၁၅
နီးနီးလေး နဲ့ ဝေးခဲ့သလိုဝေးဝေးကြီးနဲ့လည်း နီးခဲ့ ရ
တစ်ချို့ သာရေး နာရေး သတင်းတွေ…
အသစ်တွေ ဘယ်လိုကောင်းကောင်း
နောက်ဆုံးတော့လည်း အဟောင်းတလည်လည်
ခုတော့လည်း
သူ့ရဲ့ကျောရိုး တစ်လျှောက်မှာ
စူပါကပ်လေးတစ်စီးပြေးလွှားလို့…
ကိုယ့်ရဲ့ လက်သည်းခွံကို
ကိုယ်ဘယ်တော့မှ တောက်ထုတ်လို့မရ သလိုမျိုး
ကိုယ့်ရဲ့ နေထိုင်မှုသမိုင်းမှာ
သူဟာ ထဲထဲဝင်ဝင်…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service