Professional Authors

မြန်မာပြည်တွင် ထုတ်လုပ်သည်

၂၁ရာစုရောက်လေပြီ
အမေက ပြောစကားနားထောင်ဖို့
ချစ်သူက ပါတ်ီသွားဖို့
သူငယ်ချင်းက KTVသွားဖို့ မကြာခဏပြောပြောနေ
အဝတ်အစားထည်လဲဝတ်ပြီး
စိတ်ကစားတတ်တဲ့ ငါတို့လူငယ်
ဂျင်းဘောင်းဘီဝတ်တယ်
မာစီးဒီး စီးတယ်
အိပ်ပြန်ချိန်နောက်ကျတတ်တဲ့ အကျင့်လေးတော့ရှိတယ်
sorry မေမေ
so so sorryပါဖေဖေ
သားမှားသွားပါတယ်ကစ
သေချာသလောက်သေချာခဲ့ပြီးပါပြီ
ငါတို့ဟာ သေသေချာချာကြီးကို မှားခဲ့ကြပြီးပြီ
ဆေးလိပ်လေး တစ်ဖွာနှစ်ဖွာကစ
အသွေးအသားတွေ ယင်းထခံစားရတဲ့အဆုံး
အရက်ကလေးတစ်ခွက်နှစ်ခွက်ကစ
အရက်ပုလင်းခါးကြားညှပ်ရတဲ့အဆုံး
အမေ့ဘုရားစင်မှာ ဘုရားပန်းတြွှေငှိုးခဲ့တာကစ
မီးဖိုဆောင်ထဲ ဆန်မရှိတာအဆုံး
တစ်ခါတည်းပါကစ
တစ်ဘဝလုံး ကုတင်ပေါ်မှာ အတုံးအရုန်း
ငါတို့ခေတ်ကြီးထဲက
ငါတို့လူငယ်တွေဟာ
ဈေးကစားလို့အကောင်းဆုံး
ပြည်တွင်းဖြစ် သယံဇာတများ. . .

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment