ကန့်သတ်နယ်မြေ
အတ္တတွေ စီခြယ်ထားတဲ့
အမှန်တရားမဲ့ အချစ်တွေနဲ့
သိမ်မွေ့တဲ့ ဒဏ်ရာတွေ လာထားသွားတယ်
ပြန်ယူသွား
ငါ့ဆီမှာ ငိုကြွေးပေးဖို့ နှလုံးသားမရှိဘူး
အရမ်းငိုစေချင်ရင် ကန္တာရကြီးကို ငိုခိုင်းလိုက်
သွားစမ်းပါ ဝေးဝေးကို
နှလုံးသားနဲ့ အဝေးဆုံးဆီသွား
နောင်တတွေကို ထွေးပွေ့ရင်း
ပြန်မလာနဲ့
ငါ့နှလုံးသားက
မင်းရဲ့ကန့်သတ်နယ်မြေ…….။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service