ယဉ်ကျေးမှုနှုတ်ဆက်ပွဲ (သက်ထွေး)
တော်တော်ညှစ်လိုက်ရတဲ့ ကဗျာထဲက တစ်ပုဒ်ပါပဲ။ ၂၀၀၈ ရဲ့ နှုတ်ဆက် ကဗျာတစ်ပုဒ်ပေါ့ ။
နှုတ်ဆက်ခဲ့ပါတယ် ..
ဖဲငုဝါငယ် ..
အခိုက်အတန့်
သက်တံ့ရယ်လို့ပဲ
ငါတို့
သဘောထားလိုက်ကြပါစို့ ..
အစိမ်းရောင်
နေ့စွဲတွေကို ပြန်လည်ဖာထေးရင်း
ပန်းနုရောင်
ရက်စွဲတွေနဲ့
လွဲချော်ခဲ့ရသူမို့ …
မနက်ဖြန်ဆိုတာ
ယနေ့လောက်
ရင်မခုန်ဖြစ်ခဲ့ပါဘူး ကွယ်
ချော်လဲရောထိုင်
ယဉ်ကျေးမှုဝတ်စုံကို
ကံကြမ္မာက
အခန့်သား ဝတ်ဆင်လို့
“နှုတ်ဆက်ကမ်းလင့်လက်”
တစ်စုံကို
ငါတို့နက္ခတ်ရဲ့
ဘယ်အရပ်သို့များ
လှမ်းစေခဲ့သလဲ …
ကြွေခဲ့တဲ့မိုးတိမ်များ
ဘယ်အရပ်မှာ စိမ်းစိုနေကြမလဲ ..
ဆွေခဲ့သော မိုးရိပ်တွေကော
ဘယ်ဘက်မှာငြိမ်းညိုနေကြမလဲ ..
အစဉ်အမြဲပါပဲ
မင်းအတွက်..ငါ… စိုးရိမ်နေရဆဲ ..
ရေငုံနှုတ်ပိတ်
နှလုံးသား တစ်စုံကို
ငါ့ယာပျက်ထဲ
ခြွေကာ ပျိုးခဲ့ပါတယ် …
ရိတ်သိမ်းချိန်မှာသာ
နွေဟာ မနွေးသွားပါစေနဲ့ ..
ကြယ်တွေလဲ
ကြွေကာ မလင်းသွားပါစေနဲ့ ..
ယဉ်ကျေးမှု
ဝတ်စုံကိုသာ
ချေကာ နင်းသွားကြပါကွယ် … ။
သက်ထွေး
နေ့လည် ၂းဝ၈ ၂၆ရက်နေ့ ၁၂လ ၂၀ဝ၈
Comment #4
ဒီကဗျာလည်း ကြိုက်တယ်။ ဇာတ်သိမ်းသွားတဲ့ tempo မိုက်တယ်။ ကူးယူသွားပါကြောင်း
Comment #5
မော်ဒန် ကဗျာ နဲ့ ကာရန်တွေ တွဲဖက်သွားပုံလေး ကြိုက်တယ်။
Comment #7
ကဗျာ အရမ်းယဉ်တယ်
Comment #1
ကြိုက်တယ်… ကာရံတွေကို 🙂 အဟတ်… ဟစ်ဟော့သီချင်းလား မှတ်ရတယ်… 😛 ကဗျာမဖတ်ရခင်က တော်ကီတွေနဲ့ ပေါင်းစပ်လိုက်တော့ အရမ်းမိုက်သွားပါတယ် 😛