ဧည့်သည်ဟောင်း
တိတ်ဆိတ်မှုခြေသံအောက်
အလွမ်းတွေတံခါးခေါက်နေပြီ
အိမ်မက်တွေစီစီရီရီခင်းထားပါရဲ့
ဝင်ခဲ့လေ ခင်ဗျားတို့အလိုကျ ပါ ။
ပြာကျနေတဲ့ မျှော်လင့်ချက်တွေတော့
ဖိနပ်ချွ တ်ခုံအောက်ထဲထည့်
အငြိုးတေးမဲ့စွာအိပ်စက်နေလေရဲ့
ဘာများတံဆိပ်ကပ်လိုပါသေးလဲ
နှလုံးသား Expire ရက်စွဲလား
မှတ်သားထားပါ့နံရံထက်မှာ
အထီးကျန် ဖတ်စာတွေလဲကျေ ညက်
သုညဘဝနဲ့နေတတ်နေပြီဗျ
အချစ်ရူးပြဇာတ်အခန်းသစ်တက်တော့မလား
ခဏလေးဗျ
နှလုံးသားနားကတံခါးခေါက်သံကြားတယ်
အလွမ်းပဲမလား ?
ဝင်ခဲ့လေ … ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service