Professional Authors

အစွဲကပ် အလွမ်း

လေနဲ့ အချည်ခံရတဲ့တိမ်လို
သူမ၀ိညာဉ်မှာ အစွဲကပ်သွားတဲ့
ရင်ခုန်သံဟာ
အလွမ်းတစ်ပွေ့တစ်ပိုက်နဲ့
သတိရတာများလွန်းလို့
သွေးထွက်တာတောင်
ထွက်မှန်းမသိအောင်ကို
တွန့်ကြေခဲ့

သည်လိုနဲ့
အဲဒီအစိတ်အစွဲမှာ
အမြဲပါဝင်ပါတ်သက်နေတဲ့
အိပ်မက်က
ခပ်နက်နက်ညထဲစိမ့်ဝင်သွားတော့
နှလုံးသွေးက လင်ထိန်ရဲရှပြီး
မျက်ရည်မြစ်ကြီးဟာ ပါးပေါ်မှာ
တစ်သွင်သွင်စီးလို့

အစွဲကပ်အလွမ်းဟာ
မျက်ရည်နဲ့ အမြဲနမ်းတယ် .. .။

In: ကဗျာ Posted By: Date: Feb 24, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment