တို့နှစ်ယောက်အကြောင်း
အချစ်က ကိုယ့်ရှေ့မှောက်
ဒူးထောက်ခစားကာ
အနမ်းတွေ လက်ဆောင်ပေးခဲ့တယ်။
လေညှင်းက တေးသီပြီး
ငှက်ကလေးက တေးဆိုတယ်
ငါ့အတွက် ချစ်လက်ဆောင်ပေါ့။
ကြည်ပြာရောင် ကောင်းကင်အောက်မှာ
နှစ်ယောက်တူတွဲ သစ္စာဆိုခဲ့တယ်
တစ်သက်မခွဲ အမြဲချစ်မယ်လို့။
ဒီလိုနဲ့ပဲ
တိမ်ပြာပြာနေ့မှာ
ကတိတွေသစ္စာတည်ပြီး
ဘ၀တစ်လျှောက် တူတူလက်တွဲကြမယ်လေ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service