စက်ဘီးချစ်သူ
သူ့ နာမည်လေး
ရေရွတ်မိတိုင်း
သူ့အသံလေး
ကြားယောင်မိတိုင်း
သူ့ရုပ်လွှာလေး
မြင်ယောင်မိတိုင်း
ကလေးဘဝ
စက်ဘီးစီးသင်စဉ်ကလို
ရင်မှာ တလှပ်လှပ်
ခံစားခဲ့ ခံစားဆဲပါ။
ဒါပေမယ့်
ကိုယ်က
အချစ်မှာ
ဒူးပြဲ တံတောင်းပွန်း မခံနိုင်တော့
ချစ်သောစက်ဘီးလေးရေ
ငါတို့ရေစက်
ဝေးပြီ။
လှိုင်မျိုး
23Jan 2017
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service