အဖြည့်ခံ
လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူအပေါင်းက
တပ်မက်ကြ၏
ပန်းအလှလေးမို့
တချို့ကလည်း
ဘုရားလှူဖို့
တချို့ကျပြန်
ခေါင်းထက်ပန်ဆင်
လှချင်သမို့
သူတို့ဆန္ဒပြည့်ဝဖို့ကို
အို…. ပန်းပွင့်လေး
ဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး
ခဏတာမှာ
သူတကာအတွက်
ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်….အဖြည့်ခံ ပန်းဘ၀လေးပါတကား….
Comment #4
ဟုတ်ကဲ့ပါရှင်။ မနောလည်း ခင်မင်ပါတယ်နော်။ ခင်မင်မှုဆိုတာ လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါနော်။
Comment #5
window myanmar translator ကိုဘယ်လိုအသုံးချ၇မလဲပြောပေးပါလားဟင်
Comment #6
window myanmar translator ပုံကို တွေ့လား။ အဲဒါကို ကလစ်နှိပ်လိုက်ရင် သေချာစုံလင်စွာ တွေ့ရလိမ့်မယ်နော်။
Comment #7
ဘာပဲပြောပြောဗျာ
အစ်မမနောဖြူလေးကို ခင်ချင်တယ်ဆိုတဲ့ လူကော
ကျေးဇူးတင်တယ်ဆိုတဲ့လူကော ရယ်ချင်တယ်ဗျ
တွေ့ ရင်တစ်ခုမှမလုပ်ချင်ဘူးဖြစ်သွားမယ်
အစ်မတစ်ယောက်လိုခင်မိသွားလိမ့်မယ် ဟဲ ကိုယ်တွေ့ နော်
ကိုယ်တွေ့ 
အော်ဆူးလေ လမ်းမကြီး ကမော်တော်ပီကယ်မကိုလွမ်းတယ်ကွာ
သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်
Comment #8
ကြိုက်တယ် ကဗျာလေးကောင်းလို့ ယူသွားတယ် ယူခွင့်ပြုပါနော်
Comment #10
အမကဗျာလေးက ကဗျာဆန်ဆန် လက်တွေ့ဖြစ်ပျက်မူလေးပါ။ ကောင်းတယ်အမ။
နောက်များမှာလဲ ဆက်ရေးပေးပါအုန်းဗျ။ 🙂
Comment #1
လောကသဘာဝအတိုင်းဖြစ်ကြ၇တာပဲလို့ထင်တယ်
ငါ့ ကို Commentေ၇းပေးတဲ့အတွက်Thanks for your kindness