မနေ့ကလိုပဲ
ရှေ့တိုးနောက်ဆုတ်
မျှော်လင့်ချက်တွေနဲ့
တနေ့ပြီးတနေ့သာ ကုန်သွားခဲ့
မနေ့ကလို သူငယ်ချင်းလေးပါပဲ
ဝန်မခံဖြစ်တဲ့ ငါ့ခံစားချက်က
ဝန်မခံရဲတဲ့ နင့်ခံစားချက်များလား
ထပ်တူမကျ ခဲ့ပါဘူးဆိုလည်း
ငါ့ဘက်က ပြောင်းလဲ မသွားပါဘူးကွယ်
အချစ်ဆိုတာ ဖွင့်ဟ၀န်ခံခြင်း ၁ခုပါလို့
ငါလက်ခံထားလည်း
အခြေအနေ တွေရယ် ပေးမလာခဲ့
ဒီဝေနာတွေ ငါမြိုသိပ်ထားဆဲပါပဲ
လွမ်းလှိုင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ် စိတ်ထဲကတစ်ချို့အကြောင်းအရာတွေက ကဗျာထက်မှာတည်တယ်ဆိုတာ တကယ်မှန်တယ်နော်