မပြောရဲ ပြောရဲစကား
သွားတော့မယ်လို့
ပြောတဲ့သူကို
မထားခဲ့ပါနဲ့လို့
ပြောရမှာလား။
အရင်တစ်ယောက်ကို
မေ့မရဘူးတဲ့
ငါ့ကိုချစ်သေးလားလို့
မမေးရဲပါဘူးကွာ။
မသွားပါနဲ့လို့
ပြောချင်ပေမယ့်
မေ့သွားမှာလားလို့တော့
မေးချင်တယ်။
တစ်ချိန်မှာ သတိရရင်တော့
ငါ့ဆီကို ပြန်လာလို့
ရရပါတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service