Professional Authors

ဆိုးလိုက်တဲ့ည . . .
ညဥ့်ငှက်တောင် အိပ်မက်ဆိုးနဲ့ နိုးထ . . .
အိုကွယ် . . . ဆိုးလိုက်တဲ့ည . . . ။

မင်းအပြုံးတုက . .
ငါ့အနာဂတ်ကို
မြေကျင်းထဲဆွဲချ . .
ငါ သေရည်မူးတဲ့ည . . .
အိုကွယ် . . ဆိုးလိုက်တဲ့ည . . . ။

မင်းရယ်သံတွေ . .
ငါ့ အိပ်မက်ကို
ကြိုးမိန့်ချ . .
ငါ စစ်ရှုံးတဲ့ည . .
အိုကွယ် . . ဆိုးလိုက်တဲ့ည . . . ။

မင်း အနမ်းဓားက
ငါ့ရင်ကို ထိုးရှ
ငါ့နှလုံးသွေးကို ၀ိုင်ချိုလိုသောက်ကျ . . .
ငါ အမှန်မမြင်တဲ့ည . . .
မင်း သစ္စာမဲ့တဲ့ည . . .
အိုကွယ် . . ဆိုးလိုက်တဲ့ည . . . ။

ဗလာတွေချည်း
တ၀ုန်းဝုန်း လဲကျ . . .
ငါ့ သိက္ခာတွေ . . . သွေးရောင်လွှမ်း
ချစ်သူရေ . . . မှတ်မိပါရဲ့လား . . .
ငါ့ နောက်ကျောကို ဓားနဲ့ထိုးလို့
မင်း အဆုံးစီရင်ခဲ့တဲ့ည . . .
ကောင်းကင်တွေ ပြိုကျ . . .
အိုကွယ် . . . ဆိုးလိုက်တဲ့ည . . . ။

In: ကဗျာ Posted By: Date: Jun 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment