နှစ်ခြိုက်စွာအိပ်ပျော်စေ
ဖြစ်ချင်တဲ့ဆန္ဒကိုနောက်မှာထား
ရောက်နေတဲ့ဘဝမှာကြိုးစား
ရသမျှအကုန်ယူ
သမာအာဇီဝတော့ဖြစ်ပါစေ
နောက်ပြန်မလှည့်နဲ့
မနက်ဖြန်ကိုတွေးပြီးလုပ်
သူများကိုမမှီခိုနဲ့
အချိန်ကိုလေးစား
ဆုံးရှုံးခဲ့တာတွေအတွက်ပူဆွေးမနေနဲ့
လူ့ဘဝဆိုတာ
ဖရောင်းတိုင်တစ်တိုင်လောက်ပဲမို့
တက်နိုင်သလောက်
အလင်းကိုမျှပေးပါ
အပေါ်ကိုအမှီလိုက်ရင်း
အောက်ကသူတွေကိုလည်းတွဲခေါ်ပေါ့
ရောင့်ရဲတက်ရင် မကျေနပ်စရာမရှိတာမို့
နေတက်အောင်နေပြီး
အိပ်ပျော်အောင်အိပ်ပေါ့ သူငယ်ချင်းရယ်………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service