လကွယ်ချိန် (nightbird^)
ဆေးမမှီသလို …
မေးထူးခေါ်ပြောမှုတွေနဲ့က
နေသားတကျရှိခဲ့ပြီ
ဆံနွယ်တွေတင်မကပါဘူး …
ရှိုက်သံတွေပါ …
လူးလွန့်ရှည်လျားလာကြ
နောင်တ တလိပ်ကိုခဲ
သက်ပြင်းတွေ တတွဲပြီး တတွဲ မှုတ်ထုတ် …
ဒီ အတတ်မှာ …
ငါ့လောက် ဟုတ်တဲ့ကောင်လည်း မရှိဘူး
မျက်ရည်တောက်တောက် ကျတာတောင်
ချိန်ကိုက်ဗုံး ပေါက်သံနဲ့မို့ …
ဘယ်သူမှ မသနားလောက်ဘူးလေ
ဒီလိုနဲ့ …
ဘီလူးတကောင်ရဲ့ စားမြိန်ထုပ်လို
တမြုံမြုံ ဝါးခံရ …
ညို့မှိုင်းတောင် မပြတဲ့ … မိုး
နှင်းတွေကို ချိုးလို့
ငါပြန်မယ်
nightbird^
Comment #2
oh.
so sorry to read.
i feel sympthatic to u.
By: ei lay at Feb 24, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မျက်ရည်တောက်တောက် ကျတာတောင်
ချိန်ကိုက်ဗုံး ပေါက်သံနဲ့မို့ …
ဘယ်သူမှ မသနားလောက်ဘူးလေ
ဒီလိုနဲ့ …
ဘီလူးတကောင်ရဲ့ စားမြိန်ထုပ်လို
တမြုံမြုံ ဝါးခံရ …
ညို့မှိုင်းတောင် မပြတဲ့ … မိုး
နှင်းတွေကို ချိုးလို့
ငါပြန်မယ်