မချစ်…သစ္စာ
မချစ်…သစ္စာ
တစ်နှစ်တစ်ခေါက်…အရောက်လာ
တတ်တဲ့ 
ပန်းပိတောက်က ….သစ္စာဖောက်ကာ
ရောက်မလာဘူး..။
တစ်နှစ်တစ်ခါ….ပြုံးပျော်ရတဲ့  သင်္ကြန်ပွဲမှာ
ဗုံးသုံးလုံးက အကြင်နာမဲ့  စွာ …
ပေါက်ကွဲပြန်တယ်…။
တစ်နှစ်တစ်ယောက်…ပြောင်းကြိုက်နေကျ
ငါ့နှလုံးသားကလဲ ….ဖောက်ပြားကာ
အချစ်ဦးကိုမှ…ရူးသွပ်နေမိပြန်တယ်..။
ဘာတွေဘယ်လို…ထူးခြားစွာဖောက်ပြားပေမဲ့ 
အချစ်ဦးရင်ထဲက…ငါ့ကိုမချစ်တဲ့ သစ္စာတရား
ယောင်မှားပြီးတောင်…မဖောက်ပြားသေးပါလား…၊
Comment #3
sound great,
face the reality.
By: ei lay at Mar 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်ဗျာ ခံစားချက်ချင်းတူနေလို့ 🙂