ပြန်ပြောပြဖို့ ခက်နေတယ်
ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..
မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..
မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ
ငါ့ကို ခွဲသွားမှာလား ?
စိုးရိမ်စိတ်တွေ နဲ့ ဖြတ်သန်းနေခဲ့တာ
အအိပ်ခက်တဲ့ ညပေါင်းများစွာ ..
ခေါင်းအုံးလေးတော့ သိမှာပါ ..
ဘယ်အရာမှ မရေရာဘူးဆိုတဲ့
လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် ..
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !
လွမ်းလှိုင်း
Comment #3
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !
အဲ.နေရာလေးကြိုက်လို. copy လုပ်သွားပါတယ်
အိပ်မက်ထဲပြောပြဖို.အခွင်.ရေးလေးရရင်ကောင်းမယ်နော်
Comment #5
Good !
Comment #11
ဟူး……….ရူးတယ်
လူတွေက တစ်မျိုးမဟုတ်တစ်မျိုးတော့ ရူးနေကြတာဘဲဗျ နော်
ကဗျာက အရေးအဖွဲ့တော်တော်လေးချစ်ဖို့ကောင်းတယ်ဗျ
ဖတ်သွားတယ်ဗျို့ ။
Comment #12
wowwwwwwwwwwwwwwww
yaeeeeeeeeeeeeeeeeeeee
1 ke so a yan kaung hmar pe,
Comment #13
so much like that read again.
Comment #14
ပြန်ပြောပြဖို့ခက်နေတယ်
ကြိုက်လို့အားပေးသွားတယ်
Comment #1
ကောင်းတယ်ကွာ
ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..