“နေရာ”
ကောင်မလေး..
မင်းနှလုံးသားဟာ
အတက်၊အဆင်းများတဲ့ မှတ်တိုင်ဆိုရင်
ကျွန်တော်ဟာ..
နောက်ဆုံးကျန်တဲ့ သူတစ်ယောက်
ဖြစ်ပါရစေ..
ဒါမှမဟုတ်..
လူအရောက်နည်းတဲ့ ဒေသလေးဆိုရင်လဲ
ကျွန်တော် မရောက်၊ရောက်အောင်
အမြန် လာခဲ့ပါ့မယ်…။ ။
ကိုသီဟ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service