အဝေးဆုံးကိုသွားတော့မယ်
လမင်းကိုတမ်းတ
မင်းကိုလွမ်းရတာနဲ့တူ
ကြယ်စင်ကိုလိုချင်
မင်းကိုပိုင်ဆိုင်ချင်တာနဲ့တူ
မြင့်လွန်းလို့မမှန်းနိုင်
လှမ်းနိုင်တဲ့အင်အားမရှိ
ငါပိုင်တာနတ္တိ
သတ္တိတော့ရှိတယ်
မင်းအတွက်မှအသုံးမဝင်တာ
အဆုံးကျ ငါရှုံး
ငါမုန်းတာ မင်းအမေ
အပေတေလို့ငါ့ကိုပြော
လောကမှာ ဘာအရေးကြီးဆုံးလဲ
အဝေးကြီးကြည့်မနေနဲ့
ရင်ထဲကိုကြည့်ပြီးပြော
စောစောကသာသိရင်
ငါဘာလို့ချစ်တော့မလဲ
အသစ်တော့လည်းမရှာချင်တော့ဘူး
မလာခင်ကနှင်ပြီးနေမို့
ငါ…..လေ
အဝေးဆုံးကိုသွားတော့မယ်………………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service